ဘုရားသခင်/အတွက် အသက်ရှင်သော ယဇ်/ဖြစ်ခြင်း
12
ထို့ကြောင့် ချစ်သော/ညီအစ်ကို/မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့/ကို ထောက်ရှု/၍ သင်တို့/ကို ကျွန်ုပ်/တိုက်တွန်း/နှိုးဆော်/လို၏။ သင်တို့/၏ ကိုယ်ခန္ဓာ/ကို ဘုရားသခင်/လက်ခံနိုင်ဖွယ်/ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော/ယဇ်/အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့/ဆက်ကပ်ခြင်း/သည် ဘုရားသခင်/ကို စစ်မှန်/စွာ ကိုးကွယ်ခြင်း/ဖြစ်၏။ 2 ဤ/လောက/၏ အမူအကျင့်/နှင့် ဓလေ့တို့/ကို အတု/မယူကြနှင့်။ သင်တို့/၏ စိတ်နှလုံး/ကို ပြောင်းလဲစေခြင်း/အားဖြင့် စိတ်သစ်/လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်/အလိုရှိတော်မူသည့် ကောင်းမြတ်သော/အရာ၊ နှစ်သက်ဖွယ်သော/အရာ၊ ပြည့်စုံသော/အရာတို့/သည် မည်သည့်/အရာ/ဖြစ်သည်/ကို သင်တို့/ပိုင်းခြား/သိမြင်ကြ/လိမ့်မည်။3 ကျွန်ုပ်/အား ဘုရားသခင်/ပေးအပ်တော်မူသော တမန်တော်/ဖြစ်ခြင်း အခွင့်ထူးa/ဖြင့် သင်တို့/တစ်ဦးချင်း/ကို ကျွန်ုပ်/ပြော/လိုသည်/မှာ သင်တို့/သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်/ထက် ပို၍ အထင်/မကြီးကြနှင့်။ မိမိတို့/အတွက် ဘုရားသခင်/ခွဲဝေ/ပေးသနားတော်မူသော ယုံကြည်ခြင်း/ပမာဏ/အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်/ရိုးသား/စွာ သုံးသပ်ကြလော့။ 4 ကိုယ်ခန္ဓာ/တစ်ခုတည်း/၌ အင်္ဂါအစိတ်အပိုင်း/များစွာ ရှိ/ပြီး ထို/အစိတ်အပိုင်း/အားလုံး/သည် မတူညီသော လုပ်ဆောင်ချက်/ကို လုပ်ဆောင်ကြ၏။ 5 ထိုကဲ့သို့/ပင် များပြားလှသော ကျွန်ုပ်တို့/သည်လည်း ခရစ်တော်/၌ ကိုယ်ခန္ဓာ/တစ်ခုတည်း ဖြစ်/၍ အချင်းချင်း ဆက်စပ်/လျက်/ရှိသော အင်္ဂါ/အစိတ်အပိုင်းများ ဖြစ်ကြ၏။ 6 သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်/အတိုင်း ကျွန်ုပ်တို့/သည် ကွဲပြား/ခြားနားသော ဆုကျေးဇူး/အသီးသီး/ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့/လက်ခံရရှိသော ဆုကျေးဇူး/သည် ပရောဖက်ပြု/ဟောပြောခြင်း/ဖြစ်လျှင် ယုံကြည်ခြင်း/၏ ပမာဏ/အတိုင်း ဟောပြောကြရမည်။ 7 အမှုတော်/ဆောင်ရွက်ခြင်း/ဖြစ်လျှင် အမှုတော်/ကို ကောင်းစွာ ဆောင်ရွက်ကြရမည်။ သွန်သင်ခြင်း/ဖြစ်လျှင် ကောင်းစွာ သွန်သင်ကြရမည်။ 8 နှစ်သိမ့်/အားပေးခြင်း/ဖြစ်လျှင် နှစ်သိမ့်/အားပေး/ကြရမည်။ ပေးကမ်း/ဝေမျှခြင်း/ဖြစ်လျှင် ရက်ရော/စွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်း/ဖြစ်လျှင် လုံ့လဝီရိယ/ဖြင့် ဦးဆောင်ကြရမည်။ ကြင်နာ/မစခြင်း/ဖြစ်လျှင် စေတနာစိတ်/နှင့် မစကြရမည်။
9 သူတစ်ပါး/ကို ချစ်ခင်/ဟန် မဆောင်နှင့်။ စစ်မှန်/စွာ ချစ်လော့။ မကောင်းမှု/ကို မုန်းတီး/၍ ကောင်းမှု/ကို စွဲလမ်းကြလော့။ 10 တစ်ဦး/ကို တစ်ဦး ညီအစ်ကို/မောင်နှမ/မေတ္တာ/ဖြင့် ချစ်ကြလော့။ တစ်ဦး/ကို/တစ်ဦး ဦးစားပေး/၍ ချီးမြှောက်ကြလော့။ 11 မပျင်းရိဘဲ အလုပ်/ကို ကြိုးစား/၍ စိတ်အားထက်သန်/စွာ ဘုရားသခင်/ကို အစေခံကြလော့။ 12 မျှော်လင့်/လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ/ရောက်/သောအခါ/၌ သည်းခံ/၍ မပျက်မကွက်/ဆုတောင်းကြလော့။ 13 ယုံကြည်သူများb အကူအညီ လိုအပ်/သောအခါ ကူညီ/ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်/ကို ကျေပွန်/စွာ ပြုကြလော့။
14 သင်တို့/ကို ညှဉ်းပန်းနှိပ်စက်သော/သူတို့/ကို မေတ္တာပို့ကြလော့။ သူတို့/ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။ 15 ဝမ်းမြောက်သော/သူတို့/နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသော/သူတို့/နှင့်အတူ ငိုကြွေးကြလော့။ 16 တစ်ဦး/နှင့် တစ်ဦး စည်းလုံး/ညီညွတ်/စွာ နေကြလော့။ နိမ့်ပါးသော/သူတို့/နှင့် မာန/မထောင်လွှားဘဲ ပေါင်းသင်း/ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ/သည် ပို၍ ပညာရှိသည်/ဟု မထင်မှတ်နှင့်။
17 ရန်/ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့/က မွန်မြတ်သည်/ဟု လက်ခံထားသော/အပြုအမူ/ကို ပြုကျင့်ကြလော့။ 18 တတ်နိုင်သမျှ လူတိုင်း/နှင့် သင့်မြတ်/စွာ နေကြလော့။
19 ချစ်ရသော/သူတို့… ကိုယ်တိုင်/လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်/ကသာ စီရင်ပါစေ။ ကျမ်းစာ/၌
“ထာဝရဘုရား/က ‘လက်တုံ့ပြန်ခြင်း/သည် ငါ့/တာဝန် ဖြစ်၏။
သူတို့/ကို အပြစ်/နှင့်/အလျောက် ငါ/ဆပ်ပေးမည်’ ဟု
မိန့်တော်မူ၏”
ဟူ၍/ရေးသားထား၏။
20 လက်တုံ့ပြန်မည့်/အစား ဤသို့/ပြုလော့။
“သင်/၏ ရန်သူတို့/သည် ဆာလောင်/လျှင် ကျွေးလော့။
ရေငတ်/လျှင် သောက်စရာ/ပေးလော့။
ထိုသို့/ပြုခြင်း/အားဖြင့် သင်/သည် သူတို့/၏ ခေါင်း/ပေါ်၌
မီးခဲ/ကို ပုံထား/သကဲ့သို့ ဖြစ်/လိမ့်မည်။”
21 မကောင်းမှု/၏ အနိုင်ယူခြင်း/ကို မခံနှင့်။ ကောင်းမှု/ပြုခြင်း/ဖြင့် မကောင်းမှု/ကို အနိုင်ယူလော့။